သယံဇာတနှင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်၊ ‌တောင်းကြီးမြို့တွင် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်တာဝန်ခံများနှင့် တွေ့ဆုံ

သယံဇာတနှင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၃ ခုနှစ်မေလ ၂၉ ရက်နေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်တာဝန်ခံများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန၊ လုပ်ငန်းအလိုက် ရည်မှန်းချက် များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သစ်တောဖုံးလွှမ်းမှု တိုးတက်အောင် ဆောင်ရွက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ ရေဝေရေလဲဒေသများ ကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးအား ကြိုးပမ်းဆောင်ရွက်သွားရန်၊ တရားမဝင်သစ်နှင့် တရားမဝင်သတ္တုတူးဖော်ထုတ်လုပ်မှုများ မရှိအောင် စီမံချက်များချမှတ် ဆောင်ရွက်သွားရန်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး ပြည်နယ် တာဝန်ခံများက ကြပ်မတ်သွားရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါည်။