ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား လုပ်ငန်း လိုင်စင် လက်မှတ် ထုတ်ပေးသည့် အခမ်းအနားကျင်းပ

    ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းပြုလုပ်သည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား လုပ်ငန်း လိုင်စင်လက်မှတ်ထုတ်ပေးသည့် အခမ်းအနားကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)တွင် ၉-၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း အမှုထမ်း (၂၀) ဦးနှင့် တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ လုပ်ငန်းလိုင်စင် ရရှိသော အကြံပေးပုဂ္ဂိုလ် (၃၃) ဦး၊ တွဲဖက်အကြံပေးပုဂ္ဂိုလ် (၄၅) ဦး၊ စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများ ကိုလည်းဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများဆောင်ရွက်ရာတွင် တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါ ကြောင်း လုပ်ငန်းလိုင်စင် ရရှိပြီးသော တတိယပုဂ္ဂိုလ်များအနေဖြင့် ပညာရှင် ပီသစွာ ဘက်လိုက်မှုကင်းကင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာများ ရေးသားပြုစုကြပါရန်နှင့် အခက်အခဲများရှိပါက မိသားစုစိတ်ဓာတ်ဖြင့် တင်ပြ ဆွေးနွေး၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါ သည်။ ယနေ့အထိ လုပ်ငန်းလိုင်စင် အတည်ပြုပြီးသော အကြံပေး (၄၈) ဦး၊ တွဲဖက်အကြံပေး (၇၄) ဦး၊ စုစုပေါင်း(၁၂၂) ဦးရှိပြီး လိုင်စင်ကြေးပေးသွင်း ပြီးသော အကြံပေး (၄၆) ဦး၊ တွဲဖက်အကြံပေး (၆၃) ဦးနှင့် အကြံပေးအဖွဲ့ အမျိုးအစား (က) အဖွဲ့ (၂) ဖွဲ့ ရှိ၍ လုပ်ငန်းလိုင်စင်ရရှိသော အကြံပေးအဖွဲ့၊ အကြံပေးပုဂ္ဂိုလ်၊ တွဲဖက်အကြံပေးပုဂ္ဂိုလ် စုစုပေါင်း (၇၈) ဦးတို့ကို လုပ်ငန်း လိုင်စင်လက်မှတ်များ ထုတ်ပေးခဲ့ပြီး အခမ်းအနားအား နေ့လည် ၁၂:၀၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။