မြေတိုင်းဦးစီးဌာန(နေပြည်တော်)တွင် ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (ဒါဘာ)အခမ်းအနား ကျင်းပပြုလုပ်

   ၁၂-၁-၂၀၂၄ ရက်နေ့တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ (ဒါဘာ)အခမ်းအနား ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရုံးစည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် ရုံးဝန်းသန့်ရှင်း သာယာလှပရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြေတိုင်းဦးစီးဌာန၊ နေပြည်တော်ရှိ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း (၅)ဦးတို့မှ လုပ်ငန်း ခွင်ဆိုင်ရာအခက်အခဲများ တင်ပြခဲ့ကြသည့်အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။