သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကြိမ်/ဝါး လက်မှုလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက(သစ်မာ) စိုက်ခင်းလုပ်ကိုင် ဆောင်ရွက်သူများနှင့်တွေ့ဆုံ

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်သည် ၁၃-၁-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊  သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိရုံး၌ ကြိမ်/ဝါး လက်မှုလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက(သစ်မာ) စိုက်ခင်းလုပ်ကိုင်ဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် သစ်တောဦးစီးဌာနမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမျာနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်များတွင်ပါဝင်သည့် ကြိမ်/ဝါး ပေါက်ရောက်မှုနှင့် ထုတ်ယူသုံးစွဲမှုအခြေအနေ၊ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် နိုင်ငံတကာဈေးကွက်သို့ ဝင်‌ရောက်မှုအခြေအနေနှင့် အလားအလာများ ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တောဦးစီးဌာနမှ ‌ဆောင်ရွက်ပေးနိုင်မှုများကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။