ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆောင်ရွက်

သင်တန်းကျင်းပ

ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူနိုင်ရေးအတွက် လက်တွေ့ သင်တန်းပေးခြင်းကို ချောင်းသာကမ်းခြေ၌ (၁၂-၁-၂၀၂၄) ရက်နေ့ (၀၉:၃၀) နာရီတွင် ကျင်းပရာ စစ်တမ်းကောက်ယူမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပ

(၁၂-၁-၂၀၂၄) ရက်နေ့ (၁၄:၀၀) နာရီတွင် ချောင်းသာကမ်းခြေ အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်း ကောက်ယူနိုင်ရေး အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအား ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ စစ်တမ်း ကောက်ယူရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းချုပ်/ သယံဇာတ) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ စစ်တမ်းကောက်ယူရေးကြီးကြပ်မှု အဖွဲ့ဝင်များ၊ ချောင်းသာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

လက်တွေ့‌ဆောင်ရွက်

(၁၂-၁-၂၀၂၄) ရက်နေ့နှင့် (၁၃-၁-၂၀၂၄) ရက်နေ့တို့တွင် ချောင်းသာကမ်းခြေတွင် အဏ္ဏဝါအမှိုက်သရိုက်များအား လက်တွေ့စစ်တမ်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ရာ စစ်တမ်းကောက်ယူရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းချုပ်/သယံဇာတ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ စုစုပေါင်း (၂၅)ဦးပါဝင် ဆောင်ရွက်ခဲ့ပါသည်။ အဏ္ဏဝါအမှိုက်သရိုက်များအား လက်‌တွေ့ စစ်တမ်း‌ေကာက်ယူခြင်းကို ချောင်းသာကမ်းခြေ နေရာ ( ၆) နေရာတွင် ဇုန်၂ ဇုန်ခွဲကာ National Oceanic and Atmospheric Administration, NOAA မှ ထုတ်ဝေသည့် အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်း ကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ် (Marine Litter Audit Guidebook) နှင့်အညီ ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင်ဆောင်ရွက်ခဲ့ကြပါသည်။