ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၏ Ecosian ကုမ္ပဏီတို့ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရာတွင် အထောက်အကူပြုသည့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် နည်းပညာအသုံးပြုသည့် စက်မှုဇုန်များ ထွက်ပေါ်လာနိုင်ရေး၊ နိုင်ငံတကာတွင်လွှဲပြောင်းကုန်သွယ်နိုင်သည့် ကာဗွန်လျှော့ချမှု ရလဒ်ဆိုင်ရာများ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနည်းပညာနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)တွင် ၁၂-၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းအမှုထမ်းစုစုပေါင်း (၉) ဦးနှင့် ကိုရီးယားနိုင်ငံ၊ Ecosian ကုမ္ပဏီမှ တာဝန်ရှိသူ (၂) ဦး စုစုပေါင်း (၁၁) ဦး တက်ရောက်ခဲ့ကြပါသည်။