FD-AFoCO Model Forest စီမံကိန်း (AFoCO/015/2020) ၏ စတုတ္ထအကြိမ်မြောက် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PSC) အစည်းအဝေးကျင်းပ

    သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization- AFoCO) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော "သစ်တောမှီခို နေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူ အခြေပြုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)" ၏ ၂၀၂၃ ခုနှစ်၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေ သုံးစွဲခြင်းနှင့် ၂၀၂၄ ခုနှစ် လုပ်ငန်းလျာထားချက်နှင့် ရန်ပုံငွေလျာထားချက် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြနိုင်ရန်အတွက် "စတုတ္ထအကြိမ်မြောက် စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ(PSC)အစည်းအဝေး"ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် (၀၇:၃၀)နာရီမှ (၀၈:၅၀)အထိ ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ AFoCO Secretariat မှ ကိုယ်စားလှယ်(၄)ဦး ၊ သစ်တောဦးစီးရုံးချုပ်မှ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်ညွှန်ကြားရေးမှူးများ၊ FD-AFoCO Model Forest Project မှ တာဝန်ရှိသူများ စုစုပေါင်း(၂၀)ဦး ပါဝင် တက်ရောက်ခဲ့ပါသည်။