ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

        ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား  “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၇-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၊ ဧဝရက်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၅) ဦး တက်ရောက် ခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေးဆိုင်ရာများ၊ သစ်တောများနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေးဆိုင်ရာ များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်ဝင်းကျော်က သစ်တောများနှင့် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းခြင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များကို သစ်တောဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။ 

        ထို့နောက် သစ်ပင်စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ နှင့် နည်းလမ်းတကျ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို သရုပ်ပြရှင်းလင်းပြသပြီး ကျောင်းဝန်းအတွင်း ကံ့ကော်ပင် (၁)ပင်နှင့် ခရေပင်(၂)ပင် တို့ ကို အမှတ်တရ စိုက်ပျိုးခဲ့ကြပါသည်။

        ဆက်လက်၍ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်း နှင့်သစ်တောဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။