ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ် အတွင်းရှိ အ.ထ.က (၁)ကျောင်း၊ အောင်တံခွန်ခန်းမ၌ “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ “ကျင်းပ

(၈–၅-၂၀၂၄ ) ရက်နေ့ ၊ နံနက်(၉:၀၀) နာရီအချိန်တွင် ၊ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းရှိ အ.ထ.က (၁)ကျောင်း၊ အောင်တံခွန်ခန်းမ၌ “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား / ကျောင်းသူ ( ၁၀၀ ) ဦး ၊ သစ်တော ဝန်ထမ်း(၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁ ဦးဆောင်၍ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ စသည့်ခေါင်းစဥ်များဖြင့် ဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထို့နောက်ဆက်လက်၍ဗန်းမော်မြို့နယ်၊  မြို့မသစ်တောပျိုးဥယျာဉ်အတွင်း လူထုဖြန့် ပျိုးပင်များပျိုး​ထောင်ထားရှိမှုအား ကျောင်းသား/ကျောင်းသူများမှ လာရောက်လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ သစ်တောဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများနှင့် ကျောင်းသား/ကျောင်းသူများသို့ ၎င်းတို့ စိုက်ပျိုးလိုသော ကျွန်း၊ ပိတောက်၊ ခရေပျိုးပင်များ (၁၅၀)ပင်အား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။