တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းးသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ၄-၆-၂၀၂၄ ရက်နေ့၊ နံနက် ၈း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း၌လည်‌ကောင်း၊ တမူးမြို့၊ စော်ဘွား(၁၁) ရပ်ကွက်၌ လည်းကောင်း၊ ၅.၆.၂၀၂၄ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ စလွန်အော်ငယ်ကျေးရွာ၊ အ.မ.ကကျောင်းဝင်းအတွင်း၌လည်းကောင်း၊ ပုလောမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.မ.က(၅)ကျောင်းဝန်းအတွင်း၌လည်းကောင်း၊ တနင်္သာရီ မြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ ဒေသဆိုင်ရာစစ်နယ်မြေမှူး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်မိရပ်ဖဒေသခံပြည်သူများတက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ သင်္ကန်း၊ ခရေ၊ စိန်ပန်းပင်များကို စိုက်ပျိုးခဲ့ကြပါသည်။