ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများကျင်းပ

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများကို ၅-၆-၂၀၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးညှင်းတက္ကသိုလ်‌ကျောင်းဝင်းအတွင်းနှင့် မိုးကောင်းမြို့၊ အောင်မင်္ဂလာကျေးရွာဘုရားဝင်းအတွင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ သီဟိုဠ်စမ်းတောရဘုန်းကြီးကျောင်းဝင်းနှင့် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးသစ်တောဝင်း အတွင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာ မြောက်ဘက်ကားလမ်းမကြီးနံဘေး၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။

မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ သထုံခရိုင်တပ်နယ်မှူး၊ မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကျေးရွာဒေသခံပြည်သူများတက်ရောက်ကြပြီး အော်ရီးရှား၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဥ်းမ၊ ငါးပေါက်၊ စကားဝါပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။