မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကျင်းပ

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၅-၆-၂၀၂၄ ရက်​နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ​ကော့စံနိုင်ရပ်ကွက်၊ အ.ထ.က(၂)​ကျောင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ် စစ်ဗျူဟာ(အခြေချ) တန့်ယန်းတပ်မြေအတွင်း၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရာဇမုနိစေတီတောင်ခြေရင်းဧရိယာအတွင်း၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာအုပ်စု၊ တင်းကုတ်စုကျေးရွာအတွင်း၊ ဒေးဒရဲမြို့နယ်၊ ဒေးဒရဲမြို့စိန္တာမုနိဘုရားကြီးကျောင်းတိုက်ဝင်းအတွင်းနှင့် အင်္ဂပူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၆၅/၃)အနီး ကျောင်းကွင်းအုပ်စု၊ ဂေါတမ မကဗုဒ္ဓရုပ်ပွားတော် ဘုရားဝင်းအတွင်း၌လည်းကောင်း အသီးသီးကျင်းပခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စစ်ဗျူဟာ(အခြေချ) တန့်ယန်းတပ် စစ်ဗျူဟာမှူး၊ တပ်ရင်းတပ်ဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မ​ဟော်ဂနီ၊ သင်္ကန်း၊ ရင်ခတ်၊ သစ်တို၊ ယမနေ၊ သစ်ပုပ်၊ ကံ့​ကော်၊ ခ​ရေ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ချယ်ရီ၊ ခါတော်မီ၊ ထင်းရှူး၊ မျောက်ငို၊ ယူကလစ်၊ ရေတမာပင်များကို စိုက်ပျိုးခဲ့ကြပါသည်။