သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၃-၈-၂၀၂၄ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈) ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ခရိုင်မှူး/လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁၈) ကို ဦးစီးရုံးချုပ်မှ သင်တန်းသား၊သင်တန်းသူ (၁၇) ဦးတို့အား (In person) ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ သင်တန်းသား၊သင်တန်းသူ (၂၈) ဦး တို့အား Online ဖြင့်လည်းကောင်း၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၅) ဦးတို့အား ၁၂-၈-၂၀၂၄ ရက်နေ့မှ ၂၃-၈-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ (၂) ပတ်ကြာ Hybrid ပုံစံဖြင့် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသားသင်တန်းသူများ၊ အရာထမ်း၊အမှုထမ်းများ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး က စာပေထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။