သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ၃၀.၈.၂၀၂၄ ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ပသို့ ပညာသင်သွားရောက်မည့်သူများနှင့်တွေ့ဆုံ၍ ပြည်ပ ပညာသင်များ လိုက်နာရမည့်အချက်များ၊ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ပညာသင်ကာလ သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ သုတေသနစာတမ်းများ အချိန်မီရေးသားပြုစုနိုင်ရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်ရန်နှင့် ပညာသင်များအတွက် သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများအား အထူးလိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။