၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ဘရူနိုင်းဒါရုစလင်နိုင်ငံ၊ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Dato Seri Setia Awang Haji Muhammad Juanda bin Haji Abdul Rashid နှင့် တွေ့ဆုံပြီး ဘရူနိုင်းဒါရုစလင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံတည်ထောင်မည့် အာဆီယံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန(ASEAN Climate Change Center-ACCC) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။