၂၀၂၄ ခုနှစ်၊စက်တင်ဘာလ (၂၃) ရက်နေ့ (တနင်္လာနေ့) နံနက် ၇:၀၀ နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် မြန်မာ နိုင်ငံ၊ သစ်တောဦးစီး ဌာနနှင့် ကိုရီးယားနိုင်ငံအခြေစိုက်၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (Asian Forest Coperation Organization-AFoCO) တို့အကြား Online စနစ်ဖြင့်တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ‘Improved local community livelihoods through increased benefits from non-timber forest products (NTFP): Modeling scalable community-based enterprises in Asia’ စီမံကိန်းသဘောတူ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် နှင့် AFoCO မှ Vice President တို့က စီမံကိန်းသဘောတူစာချုပ်တွင် အသီးသီးလက်မှတ်ရေးထိုးခဲ့သည်။
စီမံကိန်းအား အာရှဒေသတွင်း သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Non-Timber Forest Products-NTFPs) မှ အကျိုးကျေးဇူးများ တိုးမြင့်လာခြင်းဖြင့် ဒေသနေပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်နိုင်ရန်အတွက် ရပ်ရွာအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းပုံစံတစ်ခုအား စံနမူနာအဖြစ်ဆောင်ရွက်သွားရန် ရည်ရွယ်သည်။