ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းတွင် ဖွင့်လှစ်သည့် မြေတိုင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်

အဆင့်မြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၅၈)၊ အလယ်အလတ်အဆင့်မြေတိုင်း သင်တန်း အမှတ်စဉ်(၇၀)နှင့် အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ် (၈၁)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို ၃၁-၁-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန ၊ ပြင်ဦးလွင်မြို့၊ လေ့ကျင့်သင်ကြားရေး နှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း ခန်းမ၌ ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ ညွှန်ကြားရေးမှူး (ကျောင်းအုပ်ကြီး)၊ သင်တန်းနည်းပြမျာ၊ သင်တန်းသားများနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

 အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)၊ သင်တန်းဆရာများမှ သင်တန်းအသီးသီး တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသား (၉) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ကြသည်။

 အဆင့်မြင့်မြေတိုင်းသင်တန်း အမှတ်စဉ် (၅၈)တွင် သင်တန်းသား (၄)ဦး၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၇၀)တွင် သင်တန်းသား (၉)ဦးနှင့် အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ် (၈၁)တွင် သင်တန်းသား (၄၅)ဦး၊ စုစုပေါင်း သင်တန်းသား (၅၈)ဦးတို့ တက်ရောက်ခဲ့ကြသည်။

 ထို့နောက် မွန်းလွဲ ၁၃:၀၀ နာရီတွင် ညွှန်ကြား‌ရေးမှူးချုပ်သည် မြန်မာနိုင်ငံမြေတိုင်းကျောင်းခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ  ဝန်ထမ်းများမှ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲများ တင်ပြကြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။