
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “RC-Investments” Foundation မှ Director ဖြစ်သူ Mr. Alexander S. SHATIROV အား ၂၂-၂-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၂၈)ရှိ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ဓာတ်သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။