(၃၆) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၆) ကြိမ် မြောက် သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၈:၃၀ နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ 
 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနစာတမ်းရှင်များ၏ ပိုစတာများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ သုတေသနစာတမ်းရှင် အသီးသီးက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက သုတေသန ကဏ္ဍ/နယ်ပယ် အလိုက် အလေးထားဆောင်ရွက်ရမည့် အချက်များအား မှာကြားသည်။
 
အဆိုပါစာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်း စား သစ်တောအရာရှိကြီးများ၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ Naypyitaw State Academy ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေး       တက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊  မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်း ရှင်များနှင့် သုတေသီများ တက်ရောက်ကြသည်။
 
 (၃၆) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနမှ ကြီးမှူး၍ ၂၀၂၅  ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမည် ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒနှင့်ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နှင့်  သစ်တော သုတေသနဌာနတို့မှ ပညာရှင်များက စာတမ်းပေါင်း(၂၉) စောင်အား တင်သွင်းဖတ်ကြား သွားမည် ဖြစ်ပါသည်။ 
 
သုတေသနစာတမ်းဖတ်ပွဲ အစီအစဉ်တွင် သဘာဝတောများ စီမံအုပ်ချုပ်ခြင်းနှင့် စိုက်ပျိုးပြုစုခြင်း၊  ကာဗွန်သိုလှောင်ခြင်းဆိုင်ရာ စာတမ်းများ၊ ဇီဝမျိုးစုံမျိုး ကွဲလေ့လာ ဆန်းစစ်ခြင်း ဆိုင်ရာစာတမ်းများ၊ သစ်ဂုဏ်သတ္တိနှင့် သစ်အသုံးချခြင်းဆိုင်ရာ စာတမ်း များ၊ ရေနှင့်မြေအရည်အသွေး လေ့လာဆန်းစစ်ခြင်းဆိုင်ရာစာတမ်းများ၊ သတ္တု ကဏ္ဍ ဆိုင်ရာ စာတမ်းများ၊ တစ်သျှူးမျိုးပွားခြင်းနှင့် မျိုးရိုးဗီဇဆန်းစစ်ခြင်းဆိုင်ရာ စာတမ်း၊ RS/GIS ကိုအသုံးပြု၍ သစ်တောဖုံးလွှမ်းမှုအား လေ့လာ ဆန်းစစ်ခြင်းနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ စာတမ်းများအလိုက် ကဏ္ဍခွဲ၍  သုတေသနစာတမ်းများ တင်သွင်းဖတ် ကြားမည်ဖြစ်ပါသည်။