ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်ရှိ အောင်သိဒ္ဓိ ဆရာဒကာကျောင်းတိုက်နှင့် လယ်ဝေးမြို့ရှိ ပေါက်မြိုင် ဆရာဒကာကျောင်းတိုက်သို့သွားရောက်၍ လှုဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၆-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်ရှိ အောင်သိဒ္ဓိ ဆရာဒကာ ကျောင်းတိုက်နှင့် လယ်ဝေးမြို့ရှိ ပေါက်မြိုင် ဆရာဒကာကျောင်းတိုက်သို့ သွားရောက်၍ လှုဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ငလျင်ဒဏ်‌ကြောင့် ကျောက်တိုက်အတွင်းရှိ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးသွားမှု အခြေအနေများအား လိုက်လံကြည့်ရှုပြီး ပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ တိုင်းရုံးအတွင်း ဝန်ထမ်းမိသားစုများ နေထိုင်ရန် ယာယီစခန်းများ တည်ဆောက်မည့် မြေနေရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းရုံးနှင့်ခရိုင်ရုံးများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းမိသားစုများအား ယာယီ ပြောင်းရွှေ့ နေရာချထားပေးသည့် ဒက္ခိဏသီရီမြို့နယ်ရှိ သင်တန်းကျောင်းအဆောင်သို့ သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနရုံးချုပ်ဝင်းအတွင်း ဝန်ထမ်း မိသားစုများ ယာယီနေထိုင်ရန်အတွက် ၃ ခန်းတွဲ နေအိမ်နှင့် ဘားတိုက်များ ဆောက်လုပ်နေမှုအခြေအနေအားလည်းကောင်း၊ ပြောင်းရွှေ့ဝန်ထမ်းမိသားစုများအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၆-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်ရှိ အောင်သိဒ္ဓိ ဆရာဒကာ ကျောင်းတိုက်နှင့် လယ်ဝေးမြို့ရှိ ပေါက်မြိုင် ဆရာဒကာကျောင်းတိုက်သို့ သွားရောက်၍ လှုဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် ငလျင်ဒဏ်‌ကြောင့် ကျောက်တိုက်အတွင်းရှိ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးသွားမှု အခြေအနေများ အား လိုက်လံကြည့်ရှုပြီး ပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ တိုင်းရုံးအတွင်း ဝန်ထမ်းမိသားစုများ နေထိုင်ရန် ယာယီစခန်းများ တည်ဆောက်မည့် မြေနေရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန တိုင်းရုံးနှင့်ခရိုင်ရုံးများ၏ ထိခိုက်ပျက်စီးမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းမိသားစုများအား ယာယီပြောင်းရွှေ့ နေရာချထားပေးသည့် ဒက္ခိဏသီရီမြို့နယ်ရှိ သင်တန်းကျောင်းအဆောင်သို့ သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနရုံးချုပ်ဝင်းအတွင်း ဝန်ထမ်း မိသားစုများ ယာယီနေထိုင်ရန်အတွက် ၃ ခန်းတွဲ နေအိမ်နှင့် ဘားတိုက်များဆောက်လုပ်နေမှုအခြေအနေအားလည်းကောင်း၊ ပြောင်းရွှေ့ဝန်ထမ်းမိသားစုများအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများအား လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။