ဒုတိယဝန်ကြီး ဦးမင်းသူ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား သို့ တက်ရောက်

၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရုံးအဆောက်အဦ၊ ယာယီဝန်ထမ်းအိမ်ရာများ ပြန်လည် တည်ဆောက်ခြင်း၊ ဝန်ထမ်းများပြောင်းရွှေ့ နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ၂၉-၃-၂၀၂၅ ရက်နေ့မှစတင်၍ အင်တိုက်အားတိုက် စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ဧပြီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၈) တွင် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး၊ ဒုတိယဝန်ကြီး ဦးမင်းသူမှ ကျေးဇူးတင် စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။