
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့သည် ၂၃.၅.၂၀၂၅ ရက်၊ သောကြာနေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် (အောင်ပန်းမြို့) ငုံးသုံကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ ညောင်ကုန်းကျေးရွာ ဓမ္မာရုံ၌လည်းကောင်း ဒေသခံကျေးရွာသူ/သားများနှင့်တွေ့ဆုံပြီး အင်းလေးကန် ရေဝေရေလဲ တောင်ကုန်း တောင်တန်းများတွင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်သစ်တောများထိန်းသိမ်းရန်နှင့် သစ်ပင်စိုက်ပျိုးရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာ မူလတန်းကျောင်း၌ အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်သူများအဖွဲ့များနှင့် တွေ့ဆုံပြီး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။