
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်သည် ၂၄-၅-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် ရတနာသစ်ခန်းမ၌ တောင်ကြီးခရိုင်ရှိ သစ်တောဦးစီးဌာန ၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန၊ ဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သစ်တောဦးစီးဌာန၏ လျာထားချက်များ သတ်မှတ်ချိန် အောင်မြင်စွာပြီးစီးရေး မှာကြားပြီး ဝန်ထမ်းမိသားစုများ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့စိမ်းလန်းစိုပြည်ရေးစိုက်ခင်း(၅)ဧက၊ တောင်ကြီးဌက်ဘေးမဲ့တောအတွင်း တင်မြင့်ရီကုမ္မဏီမှကျောက်တောင်တွင် ကွန်တိုလိုင်းတူးဖော်ပြီး မိုက်ခရိုရိုက်ဇာ မြေဆွေးထည့်ခြင်း ဆောင်ရွက်ထားရှိမှု၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနရုံး ပြင်ဆင်ထားရှိမှု၊ တောင်ကြီး-အေးသာယာ ကားလမ်း(၄.၅)ဧက သစ်ပင်စိုက်ပျိုးထားရှိမှု၊ ရွှေညောင်ဘိနယ်စခန်း ပြင်ဆင်ထားရှိမှု၊ ဘိနယ်ရုံးပြင်ဆင်ထားရှိမှု၊ တောင်လေးလုံး သုတေသနပျိုးစင်တွင် ပျိုးပင်များ ပျိုးထောင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။