
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ၂၄-၅-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်အတွင်း လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် မိုးရာသီ)တွင် ဆောင်ရွက်ခဲ့သည့် စိမ်းလန်းစိုပြည်ရေးလုပ်များ၏ ရှင်သန် အောင်မြင်မှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ်၊ မိုးရာသီ)တွင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။