မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲများအား ၂၇-၅-၂၀၂၅ ရက်နေ့တွင် သစ်တော ဦးစီးဌာန၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် ကျင်းပခဲ့ကြပါသည်။

ဘီးလင်းမြို့နယ်၊ အ‌ခြေခံပညာမူလတန်းကျောင်း၊ ဆင်စုကျေးရွာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ လူထုများ စုစုပေါင်းအင်အား(၃၉၅)ဦး တက်ရောက်ကြပြီး မဟော်ဂနီနှင့် မန်ဂျန်ရှား စုစုပေါင်း(၅၄၀)ပင် စိုက်ပျိုးခဲ့ပါသည်။

မုဒုံမြို့နယ်၊ မြို့မ(၄)ကန်ကြီးရပ်ကွက်တွင် မုဒုံမြို့နယ်တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည် သူလူထုများ စုစုပေါင်းအင်အား(၁၀၀)ဦးတက်ရောက်ခဲ့ပြီး မန်ဂျန်ရှား၊ အော်ရီရှား၊ မဟော်ဂနီ၊ ပျဉ်းမ၊ သင်္ကန်း သစ်မျိုး(၅)မျိုး၊ စုစုပေါင်းပင်ရေ(၁၀၀၀)ပင်ကို  စိုက်ပျိုးခဲ့ ကြပါသည်။