၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

 ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၅-၆-၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်မိန့်ခွန်းမြွက်ကြားခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုပြသခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု၊ စက်ရုံဆု ချီးမြှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အထက်တန်းကျောင်း ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော မူလတန်းကျောင်း ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ချီးမြှင့်ခြင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဗီဒီယိုပြသခြင်း၊ ရန်ကုန်မြို့၊ ထိုင်းနိုင်ငံသံရုံးမှ ပေးပို့သော “မမြင်နိုင်သော လူသတ်သမား” PM 2.5 အကြောင်း အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြသထားသော အသိပညာပေး ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။