
ပစ္စည်းဝယ်ယူရေး ဈေးနှုန်းအဆိုပြုလွှာ ခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် အောက်ဖော်ပြပါ ပစ္စည်းများ ဝယ်ယူလိုပါသဖြင့် ရောင်းချလိုသည့် ကုမ္ပဏီ/ အရောင်း ဆိုင်များအနေဖြင့် ဈေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
Lot အမှတ် |
ပစ္စည်းအမျိုးအမည် |
အရေအတွက် |
---|---|---|
Lot 1 |
Laser Printer (A3) Black and White A4 ,Legal ,A3 USB 250 Sheets Paper tray |
1 No |
၂။ ဈေးနှုန်းအဆိုပြုလွှာများကို ၇ - ၈ - ၂၀၂၅ ရက် (ကြာသပတေးနေ့) (၁၂:၀၀) နာရီ နောက်ဆုံးထား၍ တင်သွင်းနိုင်ပါရန်နှင့် သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် ဈေးနှုန်းအဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၃။ ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းမည့် ကုမ္ပဏီ/ အရောင်းဆိုင်များသည် အောက်ပါ စည်းကမ်း ချက်များကို လိုက်နာရပါမည်-
(က) ဈေးနှုန်းတင်သွင်းလွှာများကို ပါမောက္ခချုပ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းသို့ လိပ်မူ၍ ၇ - ၈ - ၂၀၂၅ ရက် (ကြာသပတေးနေ့) အရောက် ပေးပို့ရပါမည်။
(ခ) တင်ဒါအဆိုပြုလွှာ (ဈေးနှုန်းကမ်းလှမ်းလွှာ) ကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီတို့မှစိစစ်၍ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီပြီး ဈေးနှုန်းအနည်းဆုံး ဖြစ်သော ကုမ္ပဏီ/ အရောင်းဆိုင်ထံမှ ဝယ်ယူခွင့်ပြုနိုင်ရေး သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တင်ဒါကော်မတီသို့ တင်ပြပါမည်။
(ဂ) ဈေးနှုန်းအဆိုပြုလွှာတင်သွင်းသူများသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ပစ္စည်းဝယ်ယူရေးအဖွဲ့နှင့် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီရှေ့မှောက် တွင် Lot အလိုက် တင်သွင်းမည့် ပစ္စည်းများအား အမျိုးအစားအလိုက် အသေးစိတ် ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး လာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင် သို့မဟုတ် ဈေးနှုန်းနှင့်ပစ္စည်းအပေါ် အဆုံးအဖြတ် ပေးနိုင်သည့် ပုဂ္ဂိုလ် ဖြစ်ရမည်။
(ဃ) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တင်ဒါကော်မတီမှ အတည်ပြုရွေးချယ်ခံရသူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(င) ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းရာတွင် ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်၊ အရည်အသွေး၊ စံချိန်စံညွှန်းတို့ကို ပြည့်စုံစွာ ရေးသားဖော်ပြရမည်။ ဌာနမှ ဖော်ပြထား သော သတ်မှတ် စံချိန်စံညွှန်းနှင့် အရည်အသွေးထက် မနိမ့်သော ပစ္စည်းများ ဖြစ်ရမည်။
(စ) ပစ္စည်းတစ်မျိုးချင်းစီ၏ ဈေးနှုန်းကို အသေးစိတ် ဖော်ပြရမည်။ ဈေးနှုန်းလွှာနှင့်အတူ ပစ္စည်းနမူနာ (သို့မဟုတ်) Catalogue (သို့မဟုတ်) ဓာတ်ပုံများကို ပူးတွဲတင်ပြ ရမည်။
(ဆ) တင်ဒါအောင်မြင်ပြီးသော ကုမ္ပဏီသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဝယ်ယူသည့် စာချုပ်၏ တန်ဖိုး (တံဆိပ်ခေါင်းခွန်) (၁%) ကိုလည်းကောင်း၊ ပစ္စည်းတန်ဖိုး တောင်းခံ ရယူခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် (၅%) ကိုလည်းကောင်း၊ ပစ္စည်း တန်ဖိုး ပေးချေခြင်းတွင် ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းရမည့် အခွန် (၂%) ကို လည်းကောင်း ပေးချေဖြတ်တောက်ခြင်းများကို သဘောတူရမည်။
(ဇ) တင်ဒါအောင်မြင်ပြီးသော်လည်းကောင်း၊ ကုန်ပစ္စည်း ပေးသွင်းရန် ရွေးချယ်ခံရပြီး ကြောင်း အကြောင်းကြားပြီးသော်လည်းကောင်း ငြင်းဆိုခဲ့လျှင် အမည်ပျက်စာရင်း (Blacklist) တွင် ထည့်သွင်းခံရမည်ဖြစ်သည်။
(ဈ) နိုင်ငံတော်အစိုးရမှ အမည်ပျက်စာရင်း (Blacklist) သွင်းထားသော ကုမ္ပဏီ/ အရောင်း ဆိုင်/ လူပုဂ္ဂိုလ်ဖြစ်ပါက တင်ဒါအောင်မြင်ပြီးသည့်တိုင် ပယ်ဖျက်ပါမည်။
(ည) တင်သွင်းသော ပစ္စည်းများ၏ ဈေးနှုန်းသည် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်အရောက်ဈေးနှုန်းဖြစ်ရမည်။
(ဋ) တင်ဒါအောင်မြင်သော သွင်းထားသော ကုမ္ပဏီ/ အရောင်းဆိုင်အား ဌာနမှ ပစ္စည်း လက်ခံရရှိပြီး ငွေပေးချေရာတွင် သတ်မှတ်ချက်များအတိုင်းသာ ပေးချေသွားမည် ဖြစ်ပါသည်။
(ဌ) တင်ဒါအောင်မြင်သူများသည် လုပ်ငန်းစာချုပ် ချုပ်ဆိုပြီးသည့် နေ့မှစ၍(၁)ပတ် အတွင်း Performance Guarantee (၁၀%) ပေးသွင်းရမည်။
(ဍ) ပေးသွင်းသည့် ကုန်ပစ္စည်းများ ပြည်စုံစွာပေးသွင်းချိန်တွင် အရည်အသွေးစစ်ဆေးရေး နှင့် လက်ခံရေးကော်မတီမှ စစ်ဆေးအတည်ပြုချက်ရရှိမှသာ Performance Guarantee အား ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
(ဎ) ပေးသွင်းသည့် ပစ္စည်းသည် အသစ်ဖြစ်ပြီး ဈေးနှုန်း၊ အရည်အသွေး၊ ပစ္စည်းအမျိုး အစား မှန်ကန်ရမည်။
(ဏ) ပေးသွင်းသည့် ပစ္စည်းများအတွက် (၁) နှစ်အတွင်း ပျက်စီးမှုမရှိကြောင်း အာမခံ ရမည်။ သက်တမ်းအတွင်း ပျက်စီးမှုအတွက် ပစ္စည်းအသစ်လဲလှယ်ပေးရမည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃ ၄၁၆ ၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တည်ဆောက်ရေး/ အကြီးစားမွမ်းမံပြင်ဆင်ခြင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေး၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
စီမံကိန်း/ လုပ်ငန်းအမည် |
(က) |
8"ø Tube Well (600 Rft) ရေတွင်းတူးခြင်း |
၂။ တင်ဒါလျှောက်လွှာများနှင့်ပတ်သက်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပါမည်-
(က) |
တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့် နေ့ရက် နှင့် အချိန် |
- |
၂၄ - ၇ -၂၀၂၅ ရက် (ကြာသပတေးနေ့) (ရုံးချိန်အတွင်း) |
(ခ) |
တင်ဒါလျှောက်လွှာ နောက်ဆုံး ရောင်းချ မည့် နေ့ရက်နှင့် အချိန် |
- |
၇ - ၈ - ၂၀၂၅ ရက် (ကြာသပတေးနေ့) (၁၂:၀၀) နာရီ |
(ဂ) |
တင်ဒါလျှောက်လွှာ ဝယ်ယူ တင်သွင်းရမည့် နေရာ |
- |
စီမံခန့်ခွဲရေးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း |
(ဃ) |
တင်ဒါဖွင့်ပွဲ ပြုလုပ်မည့် နေ့ရက်နှင့်အချိန် |
- |
၁၁ - ၈ -၂၀၂၅ ရက် (တနင်္လာနေ့) (၁၅:၃၀) နာရီ |
၃။ သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃ ၄၁၆ ၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။