သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ရန်ကုန်မြို့၊ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး Mr. Peter Lysholt Hansene နှင့် Counsellor ဖြစ်သူ Mr. Henning Nohr ၊ အီတလီသံရုံးမှ သံအမတ်ကြီး Mr. Giorgio Aliberti တို့က သီ

 (နေပြည်တော်၊ ၁၈-၅-၂၀၁၇)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊  ဒိန်းမတ်သံရုံးမှ  သံအမတ်ကြီး Mr. Peter Lysholt Hansene နှင့် Counsellor ဖြစ်သူ  Mr. Henning Nohr ၊  အီတလီသံရုံးမှ သံအမတ်ကြီး Mr. Giorgio Aliberti တို့အား ယနေ့ ၁၇-၅-၂၀၁၇ ရက်နေ့၊ (၁၅:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ  သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအေး တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်   ဒိန်းမတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ဝန်ဗိုက်ကြိုးဝိုင်းတွင် ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် စီမံအုပ်ချုပ်နိုင်ရေး၊ ဒေသခံပြည်သူလူထုပါဝင်သော အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ရေး၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက် များကို လျှော့ချရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရေးတို့အား ဆွေးနွေးကြသည်။ အီတလီနိုင်ငံအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆောင်ရွက်ထားပြီးဖြစ်သည့် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသည့် အမျိုးသမီးများ၊ သဘာဝပတ်ဝန်းကျင်၊အစုအဖွဲ့ပိုင်သစ်တောများနှင့် စားနပ်ရိက္ခာဖူလုံရေး နည်းပညာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များတွင် နားလည်းမှု စာချွန်လွှာရေးထိုး၍ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်တို့အား ဆွေးနွေးကြကြောင်း သတင်းရရှိသည်။