အင်းတော်ကြီးကန်ဒေသအား ဇီအဝန်းနယ်မြေ (Biosphere Reserve) အဖြစ်အသတ်မှတ်

နေပြည်တော် ဇွန် ၁၅

          ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုအဖွဲ့ချုပ်ရုံး၌ ဇွန် ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် လူသားနှင့် ဇီဝအဝန်းနယ်မြေ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီးကန်ဒေသအား ယူနက်စကို အဖွဲ့ကြီး၏လူသားနှင့် ဇီတအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB) အောက်ရှိ ကမ္ဘာ့ဇီဝအဝန်းနယ်မြေများကွန်ရက် အတွင်းပါဝင်သည့် ဇီဝအဝန်နယ်မြေတစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။

          အင်းတော်ကြီးကန်သည် ထူးခြားသည့် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံးမျိုးကွဲ ကြွယ်ဝမှုတို့ကြောင့် ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုအဖြစ် လည်ကောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ငှက်မျိုးစိတ်များ ကြွယ်ဝမှုနှင့် အခြားထူးခြားသည့် ရေဝပ်ဒေသ အင်္ဂါရပ်များရှိခြင်းတို့ကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသ (Ram-sar Site) အဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရသည်။

          သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲတန်ဖိုးများအား အသိအမှတ်ပြုခြင်းသာမကဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများရရှိစေမည့် ပူးတွဲစီမံအုပ်ချုပ်ခြင်းနှင့် ရေရှည်တည်တံသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ကတိပြုလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

          ရေဝပ်ဒေသဖြစ်သော အင်းတောကြီးကန်သည်  စိုက်ပျိုးမြေများနှင့် သစ်တောများ ဝန်းရံထားကာ စနစ်တကျ ထိန်းသိမ်းခြင်းမပြုလုပ်ပါက အင်းတော်ကြီးကန်၏ ဂေဟစနစ်သည် ကျူးကျော်စိုက်ပျိုးမှုများနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများကြောင့် ထိခိုက်ပျက်စီးနိုင်ပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုပါက ညစ်ညမ်းမှုများဖြစ်လာ၍ ပျက်စီးသွားမည်ဖြစ်သည်။

          အင်းတောဂေဟစနစ်သည် ကျူးကျော်စိုက်ပျိုးမှုများနှင့် တရားမဝင် သစ်ထုတ်လုပ်မှုများကြောင့် ထိခိုက်ပျက်စီးနိုင်ပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုပါက ညစ်ညမ်းမှုများဖြစ်လာ၍ ပျက်စီးသွားမည်ဖြစ်သည်။

          အင်းတော်ကြီးကန်ဒေသ ဇီဝအဝန်းနယ်မြေ (Indawgyi Biosphere Reserve) အား ရေရှည်တည်တံ့ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ အကောင်အထည်ဖော်နိုင်ရေး၊ စီမံအုပ်ချုပ်သွားနိုင်ရေးတို့ကို ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အုပ်ချုပ်မှုစနစ်ဖြင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)