China Huaneng Group Co.,Ltd. မှ Chairman ဖြစ်သူ Mr. Yuan Xianghua ဦးဆောင်သောအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော် မေ ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား China Huaneng Group Co.,Ltd. မှ Chairman ဖြစ်သူ Mr. Yuan Xianghua ဦးဆောင်သောအဖွဲ့မှ ယနေ့ ၉-၅-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးနှင့် ညွှန်ကြားရေးမှူး ဒေါက်တာဆန်းဦးတို့ တက်ရောက်ခဲ့ကြသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု အခြေအနေများ၊ အထူးသဖြင့် ရွှေလီမြစ် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့်အလားအလာများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းနှင့် ဥပဒေ သတ်မှတ်ချက်များ၊ နိုင်ငံတကာမှ လက်ခံကျင့်သုံးလျှက်ရှိသည့် စံချိန်စံညွှန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)