နော်ဝေ - မြန်မာ နှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ တတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

နေပြည်တော်  ၂၄-၅-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နော်ဝေ - မြန်မာ နှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ တတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေးကို ၂၃-၅-၂၀၁၈ ရက်နေ့၊ နံနက် (၈:၃၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်ကလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းကလည်းကောင်း၊ နော်ဝေသံရုံးမှ သံမှူးကြီး Ms.Lise Nordgaard က လည်းကောင်း အသီးသီး အဖွင့်အမှာစကားပြောကြားပါသည်။

နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဆွေးနွေး ညှိနှိုင်းမှုများအရ နော်ဝေသံရုံးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့အကြား ၂၀၁၅-၂၀၁၈ နော်ဝေ-မြန်မာပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြပါသည်။ လုပ်ငန်းနယ်ပယ်အလိုက် စီမံကိန်း(၃)ခုတွင် ပါဝင်သည့် ပတ်ဝန်းကျင် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ပါသည်။ သတင်းစဉ်