ဂျပန်နိုင်ငံ၊ ဖူကူအိုကာ ဒုတိယမြို့တော်ဝန် Mr. Atsuhito Sadakari နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား လာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

နေပြည်တော်၊၂၃-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျပန်နိုင်ငံ၊ ဖူကူအိုကာ ဒုတိယမြို့တော်ဝန် Mr. Atsuhito Sadakari နှင့် အဖွဲ့အား ၂၃-၈-၂၀၁၈ရက်နေ့၊ (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနှင့် မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ထိုက်တို့ တက်ရောက် ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးပွားစေရေး ရန်ကုန်နှင့် ဖူကူအိုကာ မြို့အကြား ညီအမမြို့သတ်မှတ်လျက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဖူကူအိုကာ တိရစ္ဆာန်ဥယျာဉ်၌ ပြသထားသောတိရစ္ဆာန်များနှင့် လုပ်ငန်းဆောင်ရွက်ပုံများ၊ ယင်းတိရစ္ဆာန် ဥယျာဉ်၌ ၂၀၁၇ ခုနှစ်မှစ၍ ပြသနိုင်ခြင်းမရှိသည့် ဆင် ရရှိနိုင်ရေးအတွက် နှစ်နိုင်ငံအကြား အပြန်အလှန် တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တိရစ္ဆာန် စောင့်ရှောက်ခြင်းနည်းပညာ ဖလှယ်ရေး၊ သင်တန်းပို့ချရေး၊ ဆေးဝါးနှင့်ပစ္စည်းကိရိယာ ထောက်ပံ့ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြပါသည်။ သတင်းစဉ်