ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၁၃-၁-၂၀၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တနင်္သာရီတိုင်းဒေသကြီး၏ သစ်တောကဏ္ဍနှင့် သတ္တုကဏ္ဍမှ တိုင်းတာဝန်ခံများနှင့် တွေ့ဆုံရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကြိုးဝိုင်း/ကြိုးပြင်တောများ ကာကွယ်ထိန်းသိမ်းရေး ဒီရေတောနှင့်ဂေဟစနစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်တောစိုက်ခင်းနှင့် ကျေးရွာသုံးစိုက်ခင်းများ တည်ထောင်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ စနစ်တကျထုတ်ယူသုံးစွဲရေး  Responsible Mining ဖြစ်စေရေးအတွက် သက်ဆိုင်ရာ တိုင်းတာဝန်ခံများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။