ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဇီးပင်ကြိုးဝိုင်းရှိ ကျွန်း၊ ထင်းရှူးနှင့် အကွက်အမှတ် ၁ ရှိ ကြီးမြန်ယမနေနှင့် ယူကလစ် ပုဂ္ဂလိကစိုက်ခင်းအခြေအနေအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁-၁၂-၂၀၂၂ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဇီးပင်ကြိုးဝိုင်းရှိ ၁/၁၉၈၄ ကျွန်း၊ ထင်းရှူး သက်ကြီးစိုက်ခင်း ၅၅၀ ဧကအား ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ဇီးပင်ကြိုးဝိုင်း၊ အကွက် အမှတ် ၁ ရှိ ၂၀၁၆ ခုနှစ် ကြီးမြန်ယမနေနှင့် ယူကလစ် ပုဂ္ဂလိကစိုက်ခင်း ၃၅ ဧကရှိ ကြီးမြန်သစ်မျိုး များ၏ ရှင်သန်ကြီးထွားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သက်ကြီးစိုက်ခင်းများ ရေရှည် တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုး စိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေး သစ်တောရုံးရှိ လိပ်ကယ်ဆယ်ရေးစခန်းအတွင်း တရားမဝင် သယ်ယူမှုများမှ ဖမ်းဆီးရမိသော လိပ်ကြက်တူရွေး၊ လိပ်ဝါ၊ လိပ်မောင်း၊ လိပ်ပုပ်၊ လိပ်မဲကြီး၊ ရခိုင်လိပ် လိပ်မျိုး(၆)မျိုး၊ ကောင်ရေ ၆၀၁ ကောင်အား ထိန်းသိမ်းစောင့်ရှောက်မှု ဆောင်ရွက်နေသည့် အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၁/၁၉၈၂ သက်ကြီးပျဉ်းကတိုးစိုက်ခင်း ၂၅၀ ဧကအား ထိန်းသိမ်းဆောင်ရွက်ထားမှုအခြေအနေနှင့် ဘန့်ဘွေးအမြဲတမ်းပျိုးဥယျာဉ်ရှိ ၂၀၂၃ မိုးရာသီအတွင်း လူထုဖြန့် စိုက်ပျိုးဆောင်ရွက်သွားမည့် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၅၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။