
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် လာအိုနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး H.E. Dr. Mrs. Bounkham Vorachit နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
https://www.facebook.com/share/p/9YfK93inZfZAFh1G/?mibextid=qi2Omg