ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အောက်ပါ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပရိဘောဂပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများနှင့်  ရုံးသုံးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်လိုပါသည်-

(က)    ဓာတ်ခွဲခန်းသုံးပစ္စည်း(၄)မျိုး။     Inductive Stirrer for BOD (6 places) (1)No, Micro Pipette ‌and Tips (3)Nos, Portable Odor Gas Detector(1)No, ဓာတ်ခွဲခန်းသုံး Glass Ware (Volumetric Flask)(10)Nos

(ခ)     ရုံးသုံးစက်ပစ္စည်း(၂)မျိုး။           Battery Bank for UPS (10 KVA) (12 V/ 9 Ah Battery) (32 Nos) (1) Bank, Grass Cutter (1)No

(ဂ)     ရုံးသုံးပစ္စည်း(၄)မျိုး။                Desktop Computer (4)Sets, Laser Printer (4)Nos, Inkjet Color Printer (A3) (2)Nos, Heavy Duty Stapler (3)Nos

၂။       တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက်   - (၁၂-၅-၂၀၂၅) (တနင်္လာနေ့)

          တင်ဒါပိတ်မည့်ရက်နှင့်အချိန်           - (၂၀-၅-၂၀၂၅) (အင်္ဂါနေ့) (၁၅:၀၀)နာရီ

 ၃။      အထက်ဖော်ပြပါရှိသော ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများနှင့်  ရုံးသုံးပစ္စည်းများရှိ အမျိုးအစား(၁)မျိုးအတွက် အိတ်ဖွင့်တင်ဒါပုံစံ(၁)စောင်လျှင် ငွေကျပ်(၂,၀၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရုံးအမှတ်(၅၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၃၁၄၉၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ