သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ရေဆင်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး/အကြီးစားမွမ်းမံပြင်ဆင်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

၁။    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ရေဆင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် တည်ဆောက်ရေး၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက် လိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

စဉ်

စီမံကိန်း/ လုပ်ငန်းအမည်

(က)

(အလျား ၄၀' × အနံ ၂၂' × အမြင့် ၁၀') ရန်အောင်မြင် အဆောင်မှူးနေအိမ် ကြွေပြား၊ အမိုး/ မျက်နှာကြက်/'ကြမ်းခင်းပြုပြင်ခြင်းနှင့် ဆေးသုတ်ခြင်း

(ခ)

(အလျား ၄၀' × အနံ ၂၂' × အမြင့် ၁၀') မိုးမခအဆောင်မှူး နေအိမ် ကြွေပြား၊ အမိုး/ မျက်နှာကြက်/ ကြမ်းခင်းပြုပြင်ခြင်းနှင့် ဆေးသုတ်ခြင်း

(ဂ)

စာသင်ဆောင်သို့ သွားသောလမ်းတွင် (၇၀၀' × ၆' ၆") ကွန်ကရစ်ဘလောက် တုံးများဖြင့် လျှောက်လမ်းခင်းခြင်း

(ဃ)

အုပ်ချုပ်မှုအဆောက်အဦတွင် (အလျား ၂၅၇' × အကျယ် ၂' ၆"× အနက်  ၁' ၃" ~  ၂' ၃") ရေနုတ်မြောင်းတည်ဆောက်ခြင်း

(င)

ပတ်ဝန်းကျင်ဆိုင်ရာမဟာဌာနရုံးရှေ့တွင် (၆၀၀' × ၆')အုတ် + သံပန်း ခြံစည်းရိုး ကာရံခြင်း (၂၀' အကျယ် ဂိတ် တံခါးပေါက် (၁) ပေါက်အပါအဝင်)

(စ)

8"ø Tube Well (600 Rft) ရေတွင်းတူးခြင်း

၂။       တင်ဒါလျှောက်လွှာများနှင့်ပတ်သက်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပါမည်-

(က)

တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့် နေ့ရက် နှင့် အချိန်

-

၂၉ - ၅ -၂၀၂၅ ရက် (ကြာသပတေးနေ့) (ရုံးချိန်အတွင်း)

(ခ)

တင်ဒါလျှောက်လွှာ နောက်ဆုံး ရောင်းချ မည့် နေ့ရက်နှင့် အချိန်

-

၁၂ - ၆ - ၂၀၂၅ ရက် (ကြာသပတေးနေ့)      (၁၆:၃၀) နာရီ

(ဂ)

တင်ဒါလျှောက်လွှာ ဝယ်ယူ တင်သွင်းရမည့် နေရာ

-

စီမံခန့်ခွဲရေးဌာန

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း

(ဃ)

တင်ဒါဖွင့်ပွဲ ပြုလုပ်မည့် နေ့ရက်နှင့်အချိန်

-

၁၇-၆-၂၀၂၅ ရက် (အင်္ဂါနေ့)

(၁၀:၀၀) နာရီ

၃။      သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။

၄။      အသေးစိတ်အချက်အလက်များ သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃ ၄၁၆ ၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။