ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပူပိုင်းဒေသ(၁၃)ခရိုင် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်မည့် နေရာများအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူ ၈-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းဝန်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၃၁၄/၀ အနီးရှိ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသော မိုးရာသီသစ်မျိုးစုံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင် ကာကွယ် တောအတွင်းရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ ဘက်စုံသုံး စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးပြီးသည့် အပင်များအား ဆက်လက် ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားပြီး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ ပြုလုပ်မည့်နေရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း တစ်လျှောက် ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်း များနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော စိမ်းလန်းစိုပြည်ရေး ဘက်စုံသုံးစိုက်ခင်းတို့ အောင်မြင် ဖြစ်ထွန်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အောင်မြင်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းမိုင်တိုင်အမှတ်(၄/၀)တွင် ၂၀၂၅ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်မည့်နေရာအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား  ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်း တစ်‌လျှောက် ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်း စိုပြည်ရေးစိုက်ခင်း များနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေး ဘက်စုံသုံး စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးပြီးနောက် ညောင်ဦးမြို့နယ်၊ တုရင်တောင် အဆိုပြုကြိုးပြင် ကာကွယ်တောရှိ တုရင်တောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးရာ ရေရှည်တည်တံ့စေရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ အစဉ်ဆက်မပြတ် ဆောင်ရွက် သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦးမြို့ ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်မည့်နေရာအား ကြိုတင်ပြင်ဆင် ဆောင် ရွက်နေမှုများအား  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။