သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ၁၂-၇-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ စည်ပင်သာယာရေးကော်မတီရုံးအနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်ပြီး ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် အရာထမ်း အမှုထမ်းများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ကြသည်။
၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ငါးခုံးမနှင့် ငါးမြစ်ချင်း ငါးမျိုး(၂)မျိုး၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၂၀၀၀ ကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝရေပြင်များ အတွင်း ရေသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးမျိုးများ မပြုန်းတီးစေရေး၊ ငါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။