
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၇-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ နည်းပညာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးစိန်မင်း တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် One Map Myanmar အကောင်အထည်ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်း အဖွဲ့၏ အတွင်းရေးမှူးက အဋ္ဌမအကြိမ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စီမံကိန်း ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုတင်ပြခြင်းတို့ ဆွေးနွေးခဲ့ကြပြီး ညနေ ၄:၃၀ အချိန်တွင် အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည် ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်/ဦးစီးဌာန/ လုပ်ငန်း/ကော်မတီ/တက္ကသိုလ်များမှ အရာရှိကြီးများနှင့် အထူးဖိတ်ကြားထားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များမှ တက်ရောက်ခဲ့ကြပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်ရှိ အဖွဲ့ဝင်များမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။