
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို အထောက်အကူပြုစေရေးအတွက် ဖွဲ့စည်းထားသည့် Web Development Team ၊ GIS Team နှင့် ICT Infrastructure Development Team တို့၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၂-၉-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) အကောင်အထည် ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးမှ ဆဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ICT Infrastructure Development Team ၊ GIS Team နှင့် Web Development Team အဖွဲ့များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့မှု အပေါ် တက်ရောက်လာသော Team အဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။