သတင်းများ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲအစည်း တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ရှိ ဘရာဇီးနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Antonio J.M. de Souza e Silva အား ယနေ့ ၂၅-၇-၂၀၁၇ ရက်နေ့၊ (၀၉:၁၅) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ အား ယနေ့ ၂၀-၇-၂၀၁၇ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁၃:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID/UKAid) ၏ အခြေခံ အဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Ms. Kirstyn Thomson အား ၂၈-၆-၂၀၁၇ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈) ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင် မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ဇွန်လ(၂၀)ရက်နေ့နံနက် (၇) နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် ၁၇ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အောင်သပြေပင်ကို စိုက်ပျိုးပေး

ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုအဖွဲ့ချုပ်ရုံး၌ ဇွန် ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် လူသားနှင့် ဇီဝအဝန်းနယ်မြေ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီးကန်ဒေသအား ယူနက်စကို အဖွဲ့ကြီး၏လူသားနှင့် ဇီတအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB) အောက်ရှိ ကမ္ဘာ့ဇီဝအဝန်းနယ်မြေများကွန်ရက် အတွင်းပါဝင်သည့် ဇီဝအဝန်နယ်မြေတစ်ခုအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။

  ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၅-၆-၂၀၁၇ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အမှာစကား ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ နယ်သာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Wouter Jurgens နှင့် Counsellor (Water Affairs) ဖြစ်သူ Mr. Armand Evers တို့အား ယနေ့ ၁၈-၅-၂၀၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး Mr. Peter Lysholt Hansene နှင့် Counsellor ဖြစ်သူ Mr. Henning Nohr ၊ အီတလီသံရုံးမှ သံအမတ်ကြီး Mr. Giorgio Aliberti တို့အား ယနေ့ ၁၇-၅-၂၀၁၇ ရက်နေ့၊ (၁၅:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံဆွေးနွေးသည်။

Pages