သတင်းများ
နေပြည်တော် ၂၈-၅-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာ့ကျောက်မျက် ရတနာပြပွဲခန်းမ အဆောက်အဦသို့ ရောက်ရှိပြီး မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ကျောက်မျက်ရတနာ အရောင်းဆိုင် များအား စစ်ဆေးကြည့်ရှုခဲ့သည်။ ထို့နောက်တွင် ပထမထပ်ရှိ ကျောက်မျက်ရတနာပြပွဲ ခန်းမ၊ တတိယထပ်ရှိ သင်တန်းခန်းမနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးခန်းတို့အား စစ်ဆေးကြည့်ရှု့ခဲ့ပြီး အသင်းအစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများအား တွေ့ဆုံ ဆွေးနွေးမှာကြားသည်။
နေပြည်တော် ၁၇-၅-၂၀၁၈
ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ သတင်း စာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
နေပြည်တော် ၂၂-၅-၂၀၁၈
သစ်တောမြေနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များ မြှင့်တင်ရေး ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ Hotel Max တွင် ၂၂-၅-၂၀၁၈ နေ့ ၊ နံနက်(၉)နာရီ ၌ ကျင်းပသည်။
နေပြည်တော်၊ ၂၂-၅-၂၀၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ သီရိလင်္ကာနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. K.W.N.D Karunaratne အား ၂၂-၅-၂၀၁၈ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၁၉ ရက်က မြို့ချောင်း- စိန်ကန့်လန့်- မင်းလှ ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက် ဖြတ်သန်းကာ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း(MRRP) လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပြည်သူများ အပန်းဖြေနားနေနိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းက ဆောင် ရွက်လျက်ရှိသည့် မုက္ခာရေတံခွန်ဆင်စခန်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် မေ ၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား China Huaneng Group Co.,Ltd. မှ Chairman ဖြစ်သူ Mr. Yuan Xianghua ဦးဆောင်သောအဖွဲ့မှ ယနေ့ ၉-၅-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
နေပြည်တော် မေ ၁၄
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်လေးလုံး ကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်း မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး (၁၀)နှစ် စီမံကိန်းအရ ဆောင်ရွက်လျက်ရှိသော တောင်ယာမီးရှို့ခြင်း မရှိသော Zero Burning Technique ဖြင့် စိုက်ပျိုး တည်ထောင်မည့် ၁/၂၀၁၈ စီးပွားရေး ထင်းရှူးစိုက်ခင်း (၅၀)ဧကစိုက်ခင်း တည်ထောင်ရန် ပြင်ဆင်နေမှုများအား စစ်ဆေးကြည့်ရှုသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့ရှိ ဆွီဒင်နိုင်ငံ သံရုံးက Minister Counsellor ဖြစ်သူ Mr. Johan Hallenborg ၊ H & M အထည်အလိပ် ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Tobias Fischer နှင့် အဖွဲ့အား ၁-၁၂-၂၀၁၇ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး လိုက်ပါလျက် မင်းဘူး (စကု)မြို့နယ် ၊ လေးပင်- အိုင်းမ ကြိုးပြင် ကာကွယ်တော အတွင်း Green Earth Power (Myanmar) Co., Ltd. မှ ၂၂၀ မဂ္ဂါဝပ် (ဒီစီ) နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ တည် ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိလာရာ စီမံကိန်း တာဝန်ခံက စက်ရုံ တည်ဆောက်ရေး လုပ်ငန်း၊ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး နိုင်မည့် အခြေအနေနှင့် စက်ရုံအတွက် မြေနေရာ ထပ်မံ လိုအပ်ချက် တို့ကို တင်ပြခဲ့ ကြောင်း သိရသည်။