သတင်းများ

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် အိန္ဒိယနိုင်ငံ သံရုံးမှ သံအမတ်ကြီး H. E. Mr. Vikram Misri အား ယနေ့ ၂၉-၁၁-၂၀၁၇ ရက်နေ့၊ (၁၁:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးဖြစ်သူ H. E. Mr. Kristian Schmidt နှင့်အဖွဲ့ အား ယနေ့ ၂၄-၁၁-၂၀၁၇ ရက်နေ့၊ (၁၃:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

Statement of Forest Governance Reform Progresses in Myanmar

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၁၁-၁၁-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သစ်စေ့နှင့်ပျိုးပင် ထုတ်လုပ်ရေးဌာနဝန်းအတွင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယား သစ်တောဌာနတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀) နှစ်ကာလ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် “အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း တည်ထောင်ခြင်းစီမံကိန်း (Establishment of ASEAN-Korea Forest Cooperation Regional Education and Training Centre - AFCO RETC) ၏ သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ရှိ အမရာဟိုတယ်၌ ၉-၁၁-၂၀၁၇ ရက်နေ့ နံနက် ၈ နာရီက ကျင်းပသည့် အကျိုးသက်ဆိုင်သူများ အားလုံး ပူးပေါင်းပါဝင်၍ မူဝါဒ၊ ဥပဒေနှင့် ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက် ခြင်းဖြင့် သစ်တောမြေအတွင်း မှီတင်း နေထိုင်သူများ၏ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာ လုပ်ပိုင်ခွင့် တိုးတက်စေခြင်း စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ စကားဝိုင်း ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD- Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) ၏ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုတို့၏ ဧကဒသမ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၅:၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု့ ဗဟိုကော်မတီ၏ တတိယ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၃-၁၀-၂၀၁၇ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု့ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

နေပြည်တော် ၂၀-၁၀-၂၀၁၇

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀-၁၀-၂၀၁၇ ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ယနေ့နံနက်ပိုင်းတွင် သစ်တော ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်- ဦးကျော်ကျော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုး တည်ထောင်လျက်ရှိသည့် ၂၀၁၆ ခုနှစ် စိုက်ခင်း၊ Group Planting Method စမ်းသပ် စိုက်ပျိုးလျက်ရှိသည့် သစ်မျိုးစုံ စမ်းသပ်ကွက်၊ ပုံတူမျိုးပွား စပ်မျိုး အကေးရှားသစ်မျိုး စမ်းသပ်ကွက်နှင့် ရေဝရေလဲ စိုက်ခင်းများအား ကြည့်ရှု စစ်ဆေး၍ သစ်မျိုးအလိုက် ပြုစုပျိုးထောင်မှု နည်းစနစ်များ၊ ပင်ပူးခွာကိုင်းချိုင် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်မှာကြားသည်။

Pages