သတင်းများ
နေပြည်တော် ဇူလိုင် ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ရေတာရှည်ကျေးရွာ၊ ကော့မှူး-ကျိုက်ထော် ကားလမ်း မိုင်တိုင်အမှတ်(၄/ဝ)အနီး တွံတေးကုန်းတန်းကြိုးဝိုင်း၊ ကော့မှူး ကွက်ကြီးအတွင်း International Tropical Timber Organization (ITTO) နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုး တည်ထောင်ထားသည့် ဝါးစမ်းသပ်စိုက်ကွက် (၂၅)ဧကနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော (၁၂၅)ဧကသို့ ရောက်ရှိခဲ့ရာ ကော့မှူးမဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင် ဦးဆောင်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော အသုံးပြုသူများအဖွဲ့နှင့် တွေ့ဆုံသည်။
ရန်ကုန် ဇူလိုင် ၁၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အာဆီယံ- ကိုရီးယား သစ်တောလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ဒေသအဆင့် လေ့ကျင့့်် ပညာပေးရေး (AFoCO RETC) သင်တန်းကျောင်း အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
နေပြည်တော် ဇူလိုင် ၁၂-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဘရာဇီးနိုင်ငံ သံအမတ်ကြီး H. E. Mr. Antonio J. M. de Souza e Silva အား ယနေ့နံနက်(၁၀) နာရီတွင် အဆိုပါ ဝန်ကြီးရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။
နေပြည်တော် ဇူလိုင် ၁၁-၂၀၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၁.၇.၂၀၁၈)ရက်နေ့ နံနက်(၈:၃၀)နာရီ၌ နေပြည်တော် Grand Amara Hotel တွင် ကျင်းပသည့် (၁၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြေယာအသုံးချမှု၊ မြေယာအသုံးချမှုပြောင်းလဲမှုနှင့် နိုင်ငံအခြေအနေနှင့် သင့်လျော်သည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော် ဇူလိုင် ၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဇူလိုင် ၇ ရက်နေ့တွင် ဌာနတာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ရှိ အိသဉ္ဇာအောင် ကျောက်မျက်အချောထည်စက်ရုံသို့ရောက်ရှိရာ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်မောင်မြင့်က ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံအတွင်း ကျောက်စိမ်းအသား ကျောက်အား တန်ဖိုးမြှင့်ထုတ်ကုန် ကျောက်စိမ်းလက်ကောက် ထုတ်လုပ်နေမှု အခြေအနေကို ကြည့်ရှု အားပေး၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပါသည်။ အဆိုပါ ကုမ္ပဏီသည် ကျောက်စိမ်းအသားကျောက် အဆင့် C နှင့် D တို့ကိုဝယ်ယူ၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ကျောက်စိမ်းလက်ကောက်များ ထုတ်လုပ် ကာ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
နေပြည်တော် ဇူလိုင် ၅
၂ဝ၁၈ခုနှစ်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။
နေပြည်တော်၊၄-၇-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် Georg-August-Universitat Gottingen (University of Gottingen) မှ Director ဖြစ်သူ Professor Dr. Christoph Kleinn နှင့်အဖွဲ့အား ယနေ့ ၄-၇-၂၀၁၈ ရက် နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
နေပြည်တော် ၂-၇-၂၀၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်း (Da Nang) မြို့တွင် ဇွန်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံ အစည်းအဝေး (Sixth Assembly of the Global Environment Facility (GEF)) သို့ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၅-၆-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား World Wide Fund for Nature-WWF မှ Country Director ဖြစ်သူ Dr. A.Christy Williams ဦးဆောင်သောအဖွဲ့မှ ယနေ့ ၂၅-၆-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။
နေပြည်တော် ၊ ၂၃-၆-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၃.၆.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရလမ်း၊ မိုင်တိုင်အမှတ် ၃၅/၀ အနီး ရိုးမကြိုးပြင်ကာကွယ်တောအတွင်းရှိ (၂/ ၂၀၁၇) စီးပွားရေးကျွန်းစိုက်ခင်း (၂၅၀)ဧက စိုက်ခင်းပေါင်းရှင်းခြင်း၊ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများအားကြည့်ရှု့စစ်ဆေးခဲ့