သတင်းများ

နေပြည်တော် ၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၄
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟဲဟိုး-ဘော်ဆိုင်း ၊ ပင်းတယ-အောင်ပန်းလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်း

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ရုံးသုံးစက်ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်ရှိပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ စျေးနှုန်းအဆိုပြုလွှာများအား ပူးတွဲပါအတိုင်း တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါသည်။

နေပြည်တော်၊ မေလ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှုများ မှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေနေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားပါသည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကြိုးပြင် ကာကွယ်တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း (၂၅) ဧက နှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း (၂၅) ဧက သို့ ရောက်ရှိရာ စိုက်ခင်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများ ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စိုက်ခင်းများ၏ ရှင်သန် အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ခုနှစ် မေလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ အင်းပြင် ပျိုးဥယျာဉ်သို့ရောက်ရှိရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်နယ် အတွင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း သစ်တောဝန်းရှိ မြန်မာ့သစ်လုပ်ငန်း၊ တော်ဝင်ခန်းမ၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာနတို့မှ တိုင်းအဆင့် ဌာနဆိုင်ရာအရာထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ အထွေထွေမန်နေဂျာ နှင့် ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မြန်မာ့ သစ်လုပ်ငန်း၊ ဝါးတရာသစ်အခြေခံစက်မှုဇုန်နယ်မြေသို့ သွားရောက်စစ်ဆေးရာ စီမံကိန်းနှင့်စာရင်းအင်း ဌာနမှ အထွေထွေမန်နေဂျာ-ဦးညီညီထွန်းက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက သစ်အခြေခံစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေး ကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့်ဆောင်ရွက်ရန်၊ သတ်မှတ်ရည်မှန်းချက်များ ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားပါသည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၈၇/၆) ရှိ ရဲနွယ်(မြို့ချောင်း) အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပျိုးဥယျာဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

Pages