သတင်းများ

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂ ထုတ်လုပ်ရေးစက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပရိဘောကထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက် အခြေအနေတို့ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂထုတ်လုပ် နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချော များ ထုတ်လုပ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရုံသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား သည်။

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမ တောင်ပေါ်ကြိုးဝိုင်း၊ အကွက်အမှတ် ၈ ရှိ ၂၀၂၀ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေးသစ်မျိုးစုံစိုက်ခင်း ဧက ၅၀ သို့ရောက်ရှိရာ စိုက်ခင်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် အပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ သစ်တောအတန်းအစားအလိုက် သစ်တော ဖုံးလွှမ်းမှု တိုးတက်စေရေး၊ ကြိုးဝိုင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်းနှင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရေးတို့အား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၈-၆-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ပြင်ဦးလွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်သာယာလှပရေးဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ် အတွင်း သန့်ရှင်းသာယာလှပရေး ကန်ဘောင်များပေါ်ရှိ ခြုံများရှင်းလင်းဆောင်ရွက်ထားမှု၊

နေပြည်တော် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၂၀၂၂ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၄) ၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်နယ်မှအရာရှိများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။ သစ်ပင်စိုက်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေးပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှုအားပေးသည်။

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၇-၆-၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ အပူပိုင်း သစ်တောကြိုးဝိုင်း များ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်းဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် မန္တလေးတိုင်းဒေသကြီး၊

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဇွန် ၅
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။

နေပြည်တော် ၁-၆-၂၀၂၂၊
သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

နေပြည်တော် ၂၀၂၂ ခုနှစ်၊ မေ ၃၁
၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပူးတွဲစာရင်းပါ သစ်ထောက်ကူစာအုပ် မျိုးပေါင်း (၁၀၀)အုပ်အား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်ရှိပါ၍ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ စျေးနှုန်းအဆိုပြုလွှာများအား တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

Pages