သတင်းများ

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် ၅၈ ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

နေပြည်တော်၊ ၁၈-၄-၂၀၂၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်းပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၈-၄-၂၀၂၂
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆို သောအားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖျန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အက၊ အလှများဖြင့် ဖျော်ဖြေခြင်း၊ ပျော်ပွဲရွှင်ပွဲအခမ်အနားကို ၈-၄-၂၀၂၂ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနရုံးချုပ်များတွင် အသီးသီး ကျင်းပပြုလုပ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောသယံဇာတ များရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး တွင် သစ်တောများပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁,၆၈၉)ဧကရှိသောနယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၃)” အဖြစ် သတ်မှတ်

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၇,၉၂၇)ဧကရှိသောနယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၂)” အဖြစ် သတ်မှတ်

ရန်ကုန်တိုင်းဒေသ ကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၈,၄၉၂) ဧကရှိသောနယ်မြေကို “ဘိတ်သိတ်-မဟာ-သာသာ ဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၉,၂၇၄.၃၈) ဧကရှိသောနယ်မြေကို “အစိမ်းရောင်တံတိုင်း ဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

၁-၂-၂၀၂၁ ရက်မှ ၁-၂-၂၀၂၂ ရက်နေ့ထိ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော (၄၀၄,၁၅၈)ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၈၁,၈၀၄)ဧက ဖွဲ့စည်းနိုင်ခဲ့ရာ ယနေ့အထိ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောဧရိယာ (၄၃,၁၁၁,၇၀၅)ဧကနိုင်ငံ့ဧရိယာ၏ (၂၅.၇၉)ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ ဧရိယာ (၁၀,၇၅၀,၆၂၅)ဧက နိုင်ငံ့ဧရိယာ၏ (၆.၄၃)ရာခိုင်နှုန်း ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့

နေပြည်တော်၊ ၁၄-၃-၂၀၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော နှင့် အမျိုးသားဥယျာဉ်များအား အချိန်မီဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်ဖြင့်ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကမ်းရိုးတန်းဒေသများတွင် ဒီရေတောစိုက်ခင်းများတည်ထောင်ခြင်းကို အထူးအလေးပေး ဆောင်ရွက် ရန်နှင့် ဝန်ထမ်းများ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရန်မှာကြားသည်။

Pages