သတင်းများ

နေပြည်တော်၊ ၆-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ရှိ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Peter Lysholt Hansen အား ၆-၈-၂၀၁၈ရက်နေ့၊ (၁၇:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

နေပြည်တော်၊ သြဂုတ် ၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် သြဂုတ်လ ၅ ရက်နေ့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာ အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက စိုက်ပျိုးဆောင်ရွက်ထား ရှိသည့် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ သြဂုတ် ၃

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော်၊ ၂-၈-၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ရှိ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့ ၂-၈-၂၀၁၈ရက်နေ့၊ (၀၈:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော်၊ ၁.၈.၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။

နေပြည်တော် ၂၅-၇-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် Exo World Group of Companies Limited မှ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် မလေးရှားနိုင်ငံ LAX Global Resources မှ Executive Chairman, Mr. Dato’Seri DiRaja Syed Razlan Jamalullail တို့အား ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

နေပြည်တော် ဇူလိုင် ၂၂, ၂၀၁၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဇူလိုင် ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရန်ကင်းတောင်ရပ်၊ ကမ်းနားလမ်း ရှိ နေမင်း အိုင်အိုဒင်းဆားကြိတ်စက်နှင့် ကုလားစု၊ အမှတ်(၉) ရပ်ကွက်ရှိ ရွှေပြည်တန် အိုင်အိုဒင်းဆားကြိတ်စက်အား သွားရောက်လေ့လာရာ စက်ရုံတာဝန် ရှိသူများက ဆားကြမ်းများ အဆင့်ဆင့်ဆေးကြော သန့်စင်ခြင်း၊ အိုင်အိုဒင်းဆားချောထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်အတွင်းသို့ တင်ပို့ရောင်း ချနိုင်မှု၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် စက်ရုံရေရှည်လည်ပတ်နိုင်ရေး နည်းပညာ ပိုင်းဆိုင်ရာ ဖြန့်ဖြူးပေးနိုင်မှုတို့နှင့်စပ်လျဉ်း၍ သိလိုသည်များအား ဆွေးနွေးမှာကြားသည်။

နေပြည်တော် ဇူလိုင် ၂၀, ၂၀၁၈

သဘာဝတောများမှ သစ်တောသယံဇာတများကို ဒေသလိုအပ်ချက်အတွက် ထုတ်ယူသုံးစွဲ သည့် ဖိအားများကို လျော့ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူ ပြုနိုင်ရန် အစားထိုး စွမ်းအင်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် သစ်တော ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ဇူလိုင် ၁၈

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက် ရမည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေး အတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၈-၇-၂၀၁၈ နေ့၊ နံနက် ၉ နာရီက သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

နေပြည်တော် ဇူလိုင် ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ် ၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီး များအားပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် (၁၆-၇-၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၄၅)နာရီ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

Pages