သတင်းများ

နေပြည်တော် ၁၈−၄−၂၀၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး ချစ်ကြည်ရေးခရီး သွားရောက်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။

နေပြည်တော်၊ ၂၂−၄−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများအား ယနေ့ ၂၂-၄-၂၀၁၉ ရက်နေ့ (၁ဝး၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

နေပြည်တော်၊ ၃၀-၄-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ အအိချိခရိုင်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာ တိုရှိအို နီရှိမူရ နှင့်အဖွဲ့အား ယနေ့ ၃၀-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၉-၄-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ ၂၉-၄-၂၀၁၉ ရက်နေ့၊ (၀၉:၄၅)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၈−၄−၂၀၁၉

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၂၇ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ သစ်တောဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါ လျက် ပျိုးဥယျာဉ်များ၊ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ဧပြီ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား သြစတြေးလျ နိုင်ငံအခြေစိုက် FOUR PAWS International ၏ Country Director , Ms. Marina Ivanova ၊ Senior Project Manager , Mr. Mahdi Quatrameez တို့သည် (၁၀-၄-၂၀၁၉) ယနေ့ နံနက် ၉ နာရီခွဲ တွင်ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော်၊ ဧပြီ ၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီလ ၇ ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင် ကြိုးပြင် ကာကွယ်တော အကွက်အမှတ် (၂၀) အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင် ဆောင်ရွက်လျက် ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း(၅၀) ဧက၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း (၅၀) ဧက တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်း စိုက်ခင်း (၅၀) ဧက၏ စိုက်ခင်းအကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ဧပြီ ၆ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်မှ တာချီလိတ်မြို့သို့ ရောက်ရှိသည်။ တာချီလိတ်မြို့အတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ကျရောက်ဖုံးလွှမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပ ပြုလုပ် ကြောင်းသိရသည်။

နေပြည်တော်၊ ၄−၄−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောကဏ္ဍ) လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၌ (၄−၄−၂၀၁၉) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

နေပြည်တော် ဧပြီ ၃
သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ဩစတြေးလျ နိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာအား ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages